၁။ အမျိုးသမီးကဏ္ဍနှင့်ပတ်သက်၍ ၁၉၄၇ခုနှစ်တွင်“အမျိုးသမီးများနှင့်ကလေးများ တိုးတက် ရေးအဖွဲ့” ကို စတင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၄၉ ခုနှစ်တွင် “အမျိုးသမီးများနှင့် ကလေးများ စောင့်ရှောက်ရေးဌာန” အဖြစ် ပြောင်းလဲခဲ့ပြီး ၁၉၅၃ ခုနှစ်မှာ “လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန” ဟု ပြောင်းလဲခဲ့ပါသည်။

၂။ ၂၀၂၄ ခုနှစ် လူဦးရေးနှင့်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁.၃၂ သန်း ရှိပြီး အမျိုးသမီး ၅၃.၁ ရာခိုင်နှုန်းရှိပါသည်။ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ရာတွင်နိုင်ငံလူဦးရေ၏ထက်ဝက်ကျော်ကိုကိုယ်စားပြုသည့် အမျိုးသမီးများ ၏စွမ်းဆောင်ရည်နှင့်အခွင့်အလမ်းများကို ကဏ္ဍစုံတွင် မြှင့်တင်ဆောင်ရွက် လျက်ရှိပါသည်။ ယခု ကာလတွင် အမျိုးသမီးရေးရာ ဝန်ကြီးဌာန အနေဖြင့် တိုးမြှင့် ဖွဲ့စည်းခဲ့၍ အမျိုးသမီး၏ စွမ်းဆောင် နိုင်ရည်များပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

၃။ အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအနေဖြင့် ၁၉၉၅ ခုနှစ်၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံကို မြန်မာနိုင်ငံက တက်ရောက်ခဲ့ပြီး ဘေဂျင်းကြေညာစာတမ်းနှင့်ဘေဂျင်းလုပ်ငန်းစီမံချက်အရ မြန်မာနိုင်ငံလုံးဆိုင် ရာအမျိုးသမီးကော်မတီကို ၃-၇-၁၉၉၆ တွင် နိုင်ငံတော်အဆင့်ယန္တရားအဖြစ် ဖွဲ့စည်းခဲ့ပါသည်။ အစိုးရဌာနများအပြင် အမျိုးသမီးအရေးဆောင်ရွက်နေသည့် အမျိုးသမီးအဖွဲ့များမှ ကိုယ်စားလှယ် များ ပါဝင်ဖွဲ့စည်းထားရှိပြီး မူဝါဒ(၄)ရပ်၊ 2 လုပ်ငန်းတာဝန်(၇)ရပ်ချမှတ်ကာ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအကောင်အထည်ဖော်မှုကို ကြီးကြပ်လမ်းညွှန်မှုများ ဆောင်ရွက် ခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းများကို ဆောင်ရွက်လျက် ရှိပါသည်။

၄။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ဦးဆောင်ပြီး ဘေဂျင်းလုပ်ငန်းစီမံချက်ပါ လုပ်ငန်းနယ်ပယ်(၁၂)ရပ်နှင့်အညီ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (National Strategic Plan for the Advancement of Women -NSPAW) (၂၀၁၃-၂၀၂၂) ကို ပထမ(၁၀)နှစ်တာ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

၅။ ဆက်လက်ပြီး အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာ စီမံကိန်း - NSPAW (၂၀၂၃-၂၀၃၂) ဒုတိယသက်တမ်းကို ပြည်ထောင်စုဝန်ကြီး ဦးဆောင်ပြီး လုပ်ငန်း နယ်ပယ်(၁၂)ရပ်အလိုက် လုပ်ငန်းစဉ်များရေးဆွဲခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။

၆။ ကဏ္ဍစုံတွင် ကျား၊ မ ရေးရာအား ထည့်သွင်းစဉ်းစားခြင်း (Gender Mainstreaming) လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေး၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် ကျား၊ မရေးရာ အချက် အလက်များ ကောက်ယူနိုင်ရေးနှင့် မဟာဗျူဟာစီမံကိန်းအကောင်အထည်ဖော်မှုကို အထောက် အကူ ပြုနိုင်ရေး ချိတ်ဆက်ဆောင်ရွက်နိုင်ရန်အတွက် ကျား၊ မရေးရာတာဝန်ခံ -Gender Focal Point များထားရှိပြီး Gender Focal Points Network ကို တည်ထောင်ထားရှိ ဆောင်ရွက် လျက်ရှိပါသည်။

၇။ ယခုတွင် အမျိုးသမီးရေးရာဝန်ကြီးဌာန ပေါ်ပေါက်လာပြီ ဖြစ်ပါ၍ နိုင်ငံတစ်ဝှမ်းလုံး လွှမ်းခြုံနိုင်ရေး၊ အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်မည် ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

• • •