မျှော်မှန်းချက်
မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအား စွမ်းပကားမြှင့်တင်ရေး၊ ငြိမ်းချမ်းသာယာရေး၊ ကဏ္ဍစုံတွင် အဓိပ္ပာယ်ရှိစွာ ပါဝင်ဆောင်ရွက်ခွင့်ရရှိရေးတို့ကို ဖော်ဆောင် ခြင်းဖြင့် အားလုံးအကျုံးဝင်သော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ထွန်းလာစေရန်။
ရည်မှန်းချက်
မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များ၏ စွမ်းဆောင်ရည် မြှင့်တင် ပေးရန်၊ ကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုများ ပံ့ပိုးပေးရန်၊ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အဓိပ္ပါယ်ရှိစွာ ပါဝင်နိုင်ရေး အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် ကဏ္ဍစုံတွင် ကျား၊မ တန်းတူညီမျှရေးနှင့် ထည့်သွင်းစဉ်းစားရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါ သည်။
ရည်ရွယ်ချက်
၁။ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန်။
၂။ ကျား၊မ တန်းတူညီမျှရေးအတွက် ကဏ္ဍစုံတွင် ထည့်သွင်းစဉ်းစားဆောင်ရွက်ရန်။
၃။ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအား နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်။